general@informationhubofmyanmar.com
+959 880 232 487,+959 959 060 873
9:00AM to 5PM

Study Primary, Elementary and Secondary Education

🛑 မြန်မာနိုင်ငံမှာ အငယ်တန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူကျောင်းသားများအတွက် ပညာရေးကို နိုင်ငံတကာတွင် ဆက်လက် သင်ကြားနိုင်စေရန် ရည်ရွယ်ပြီး ပညာရေးဆွေးနွေးပွဲလေးကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

🛑 IHM မှ အပတ်စဥ် ပညာရေးဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ရာ ယခုတစ်ခါမှာတော့ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းဆိုင်ရာ ကျောင်းသားများအတွက် ပညာရေးလမ်းကြောင်းများကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ \

🛑 အစိုးရကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားများနှင့် International Schools မှ ကျောင်းသား ကျောင်းသူများ ကျောင်းသားမိဘများအနေဖြင့် အဓိကထား တတ်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

🛑 အသက်အရွယ်အားဖြင့် ၆ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသားများ တက်ရောက်နိုင်မှာ ဖြစ်ပြီးတော့ ကျောင်းသားမိဘများအနေဖြင့်လည်း အချို့သောနိုင်ငံများတွင် Guardian Visa ဖြင့် လိုက်ပါနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ 

🛑 USA, Canada, Australia နိုင်ငံများအပြင် အခြားသော နိုင်ငံများတွင် သွားရောက် သင်ကြားနိုင်မည့် ပညာရေးလမ်းကြောင်းများနှင့် လိုအပ်တဲ့ ပြင်ဆင်များအကြောင်းကို ရှင်းလင်း ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ 

🛑 ဒီပွဲလေးကို ဘယ်သူတွေ တက်ရောက်သင့်သလဲဆိုရင်တော့ မူလတန်းမှ အထက်တန်းအထိ တက်ရောက်နေဆဲ ကျောင်းသားများနှင့် ကျောင်းသားမိဘများ တက်ရောက်သင့်ပါတယ်။ 

🛑 ဒါ့အပြင် Q&A session မှာလည်း သိရှိလိုသည်များကို ကျောင်းသားများနှင့် မိဘများအနေဖြင့် တိုက်ရိုက် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ 

🛑 ထိုပွဲလေးကို လာမည့် ဇွန်လ (30)ရက်နေ့၊ ကြာသပတေးနေ့ နေ့လယ် (1) နာရီအချိန်တွင် စတင်ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူ မည်သူမဆို အထက်ပါလင့်ခ်တွင် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။